Friday, January 30, 2015

နယူးကာဆယ်အသင်း နည်းပြချုပ်နေရာ လက်ထောက်နည်းပြ ဂျွန်ကာဗာကို တာဝန်ပေး

 နယူးကာဆယ်အသင်းသည် နည်းပြ အလန်ပါဂျုး ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြောင်းရွှေ့သွားသည့်အတွက် လစ်လပ်နေသည့် နည်းပြချုပ်နေရာတွင် လက်ထောက်နည်းပြ ဂျွန်ကာဗာကို ရာသီကုန်အထိ တာဝန်ပေး လိုက်ကြောင်း သိရပါသည်။ အလန်ပါဂျုး ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့သွားပြီးကတည်းက ဂျွန်ကာဗာက အသင်းကို တာဝန်ယူနေခြင်းဖြစ်ပြီး သူ့လက်ထက်မှာ တစ်ပွဲသရေ သုံးပွဲရှုံးရလဒ် ရရှိထားကြောင်း သိရပါသည်။ ဂျွန်ကာဗာသည် အသင်း၏တာဝန်ပေးမှုကြောင့် နယူးကာဆယ်အသင်း၏ လက်ကျန် ၁၆ ပွဲကို ကိုင်တွယ်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရပါသည်။ 

No comments:

Post a Comment