ကယားပြည်နယ်
လွိုင်ကော်တက္ကသိုလ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်က ကိန္နရာခန်းမတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပရာ
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်က အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး လွိုင်ကော်တက္ကသိုလ်
ဒုတိယပါမောက္ခချုပ်က ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ၏ သိသင့်သိထိုက်သည်များကို
ရှင်းလင်းပြောကြားပြီး လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခဆရာမကြီးများက ဝိဇ္ဇာ သိပ္ပံဘာသာရပ်
သိကောင်းစရာအကြောင်းကို လည်းကောင်း လွိုင်ကော် တက္ကသိုလ် မော်ကွန်းထိန်းမှ ကျောင်းသား
ကျောင်းသူ လူငယ်မောင်မယ်များ လိုက်နာရာ စည်းကမ်းအကြောင်းကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး
အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရပါသည်။
No comments:
Post a Comment