Friday, January 2, 2015

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် ဗိုလ်ရှုခံ အခမ်းအနားများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ (ရေဒီယို) တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်



၂၀၁၅ ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် ဗိုလ်ရှုခံ အခမ်းအနားများအား ဇန်နဝါရီ (၄) ရက်နေ့တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံမဏ္ဍပ်ရှေ့ ဥပစာတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားအား မနက် (၄) နာရီ မိနစ် (၂၀) တွင် ကျင်းပမှာဖြစ်ပြီး နိုင်ငံတော် အလံတင် အခမ်းအနားနှင့်အတူ နှစ်ပေါင်း (၅၀) ကြာ တိမ်မြုပ်နေသည့် မြန်မာနိုင်ငံ၏ ကောင်းမြတ်သည့် အစဉ်အလာ တစ်ခုကို ပြန်လည်ဖော်ထုတ် ပြသသည့် အနေဖြင့်  ၂၀၁၅ ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားကို ဇန်နဝါရီ (၄) ရက်နေ့ နံနက် (၅) နာရီ မိနစ် (၃၀) တွင် စတင်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ (ရေဒီယို) တို့မှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။

No comments:

Post a Comment