ပြည်နယ်နှင့်
တိုင်းအားလုံးစုစည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ်
ရပ်တည်နိုင်ရန် တိုင်းရင်းသားအားလုံးတွင် တာဝန်ရှိကြောင်း၊ ပြည်သူရွေးချယ်ထားသော ပါတီစုံဒီမိုကရေစီ
လမ်းကြောင်းကို လျှောက်လှမ်းနေခြင်း ဖြစ်ကြောင်း၊ တပ်မတော်က ရွေးချယ်ခြင်းမဟုတ်ဘဲ ပြည်သူ့ဆန္ဒနှင့်
အညီ ရွေးချယ်ထားသော လမ်းကြောင်းတွင် မဖြစ်ဖြစ်အောင် သွားရန်လိုပြီး မသွားနိုင်လျင်
ကျန်ခဲ့မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို လက်မခံလျင် ချန်ခဲ့၍ ဥပဒေနှင့်အညီ
ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၊ လျှောက်လှမ်းရာတွင်လည်း ရည်မှန်းချက်၊ ရည်ရွယ်ချက်အားလုံး
သိရှိပြီးဖြစ်၍ မှန်ကန်သည့်စိတ်ဖြင့် သွားရန်လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ
ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသို့
တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားပါသည်။
No comments:
Post a Comment