Monday, January 5, 2015

ကချင်ပြည်နယ်အတွင်း တရားမဝင်သစ်တင်ယာဉ်များ၊ သစ်များနှင့် လူများဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် အဖိုးတန်သစ်များအား တရားမဝင်ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ ကိုယ်ကျိုးစီးပွားအတွက် သယ်ဆောင်ရောင်းချရန် သစ်တင်ယာဉ်များ စုစည်းပြင်ဆင်ထားရှိမှုအား လေကြောင်းကင်းထောက်မှုအရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်နေ့အထိ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် တရားမဝင်သစ်ထုတ်ရာတွင် အသုံးပြုသော ဒိုဇာ တစ်စီး၊ ပါဂျဲရိုး လေးစီး၊ ပီကင်းဂျစ် လေးစီး၊ ဝန်ဆွဲယာဉ် သုံးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး၊ အမျိုးအစား (စိစစ်ဆဲ) သစ်တင်ယာဉ် (၄၃၆) စီး၊ (၁၄ စီးသစ်ပါရှိ)၊ တုန်ဖုန်း၊ ဒေါင်ဖန်းယာဉ်သုံးစီး၊ ကရိန်း နှစ်စီး၊ စုစုပေါင်း ယာဉ် (၄၅၅) စီး ၊ ဆိုင်ကယ် (၉) စီး၊ မြန်မာနိုင်ငံသား ကျား ၄ ဦး မ ၁၆ ဦးနှင့် တစ်ဖက်နိုင်ငံသား ကျား ၉၇ ဦး မ ၅ ဦး၊ စုစုပေါင်း (၁၂၂) ဦး၊ ချိန်းဆော ၂ ခု၊ အိပ်ယာလိပ် ၁၀ ခု၊ ဆိုလာပြားတစ်ပြား၊ ဘတ္ထရီတစ်လုံး၊ ဖုန်းကြိုးတိုင်တစ်ခု၊ စိတ်ကြွဆေးပြား (၆၈၀) ၊ ဘိန်းမဲ (၆) ထုပ်၊ ဘိန်းစိမ်း (၂၀) ကျပ်သား၊ တရုတ်ယွမ်ငွေ (၁၂၀၀၀) အား သိမ်းဆည်းရမိခဲ့ပါသည်။

No comments:

Post a Comment