Thursday, January 29, 2015

ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ဝင်ဖြစ်ရေး ကွန်ဖရင့်ကျင်းပ

ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့(Open Government Partner- ship-OGP)သို့ မြန်မာနိုင်ငံမှ ဝင်ရောက်နိုင်ရေးအတွက် ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ဝင်ဖြစ်ရေး ကွန်ဖရင့်ကို နေပြည်တော်ဟိုတယ်ဇုန် ရှိ Hilton ဟိုတယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ အရပ် ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး H.E. Mr.Andrew နှင့် သံရုံးမှတာဝန်ရှိသူများ၊ OECDမှ Projector Manager Mr.Aless- andro Bellantoni နှင့် ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပွင့်လင်း မိတ်ဖက်နိုင်ငံများအဖွဲ့ အဖွဲ့ဝင် ဖြစ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ် စတင်တာဝန်ယူချိန်မှစ၍ ပြုပြင် ပြောင်းလဲမှုလုပ်ငန်း အဆင့်လေးခုကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သိသာ ထင်ရှားသော ပြောင်းလဲမှုအဖြစ် စစ် အစိုးရအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေ စီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ‘ဒီမိုကရေ စီစနစ်ကို ဦးတည်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများကို ရင်ဆိုင် တွေ့ကြုံခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကောင်း မွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်စေရေး အတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်သိမှုရှိစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက်ရှိပါကြောင်း၊ ပြည်သူများ လိုလားချက်များအပေါ် ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှုရှိစွာ ပြည်သူ့ဝန်ဆောင်မှုတို့ကို ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်ရန်အတွက် ပွင့်လင်းမိတ်ဖက်နိုင်ငံများ အဖွဲ့ဝင် ဖြစ်စေရေးအတွက် ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် အစိုးရသာမက ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်း များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပွင့်လင်းမိတ်ဖက် နိုင်ငံများတွင် အဖွဲ့ဝင်ဖြစ်စေရေး အတွက် စံသတ်မှတ်ချက်များဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်များရရှိမှု၊ ပိုင်ဆိုင်မှုကြေညာခြင်းနှင့် ပြည်သူ များပါဝင်မှုစသည့် အချက်များနှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာ ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိစေ ရန်အတွက် ဆောင်ရွက်ရာတွင် ယခု အစိုးရလက်ထက်၌ ဘဏ္ဍာရေးတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိသည်ကို တွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊ သတင်း အချက်အလက်ရရှိမှုတွင်လည်း ပြန် ကြားရေးဝန်ကြီးဌာနမှ သတင်း အချက်အလက်နှင့် ပြန်ကြားရေး ကဏ္ဍ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့ဆန္ဒသဘောထား များကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိသော်လည်း နည်းမှန်လမ်းမှန်ဖြင့် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်း ကို ရှေးရှုရမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းမိတ်ဖက် နိုင်ငံများအဖွဲ့ဝင် ဖြစ်ရေးအတွက် ယခုကဲ့သို့ ပူးပေါင်း ပါဝင်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြော ကြားသည်။ ထို့နောက် ဗြိတိန်သံအမတ် ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒီမို ကရေစီ အသွင်ကူးပြောင်းရေးကာလ ၌ ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ရေးသည် အရေးကြီးပါကြောင်း၊ ထိုသို့အဖွဲ့ ဝင်နိုင်ငံဖြစ်ရေးအတွက် အစိုးရ၏အခန်းကဏ္ဍကို နားလည်သိရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အနောက်နိုင်ငံများနှင့် အခြား OGP အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံများ ကို ယခုကွန်ဖရင့်တွင် ဆွေးနွေးပြောကြားသွားမည် ဖြစ်ပါကြောင်း၊ အစိုးရ၊ ပြည်သူနှင့် အရပ်ဘက်အဖွဲ့ အစည်းများအားလုံး ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပွင့်လင်းမိတ်ဖက်နိုင်ငံများ အဖွဲ့ဝင် ဖြစ်ရေးကိုလည်း ပံ့ပိုးကူညီသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။ ယင်းနောက် OECD Project Manager ပွင့်လင်းမြင်သာမှုရှိ သည့် အစိုးရအနေဖြင့် ပြည်သူများ ပူးပေါင်းပါဝင်မှုကို ပိုမိုဖွင့်လှစ်ပေး ရမည်ဖြစ်ပါကြောင်း၊ OGP အဖွဲ့ဝင် ဖြစ်စေရန်လည်း အစိုးရ၊ ပြည်သူနှင့် အရပ်ဘက် အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပွင့်လင်း မိတ်ဖက်နိုင်ငံများ အဖွဲ့ဝင်ဖြစ်ရေး အတွက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ကွန်ဖရင့်တွင် United Kingdom မှ OGP အတွေ့ အကြုံများ၊ မြန်မာနိုင်ငံမှ OGP အဖွဲ့ဝင်ဖြစ်ရေးအတွက် ဆောင်ရွက် မှုအတွေ့အကြုံများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အရပ်ဘက်အဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများ ပွင့်လင်းမြင်သာသော အစိုးရဖြစ်စေရန် ပြုပြင်ပြောင်းလဲ မှုတွင် အစိုးရအခန်းကဏ္ဍကို လည်းကောင်း၊ အစိုးရညီညွတ် စုစည်းမှု မြှင့်တင်ရေးကဏ္ဍခေါင်းစဉ် ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြ သည်။ ပွင့်လင်းမိတ်ဖက်နိုင်ငံများအဖွဲ့ (Open Government Partner- ship-OGP) သို့ မြန်မာနိုင်ငံမှ ဝင်ရောက်နိုင်ရေးအတွက် Interna-tional Conference on Open Government: The Way to Membership ကို ပွင့်လင်းမိတ်ဖက် အဖွဲ့ဝင်ဖြစ်ရေး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ကွန်ဖရင့်ကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment