Sunday, January 4, 2015

ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့သည့်အတွက် အမေရိကန်အား မြောက်ကိုရီးယားမှ ပြင်းပြင်းထန်ထန်ဝေဖန်

မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့သည့် အမေရိကန်၏ ပိတ်ဆို့ထားမှုအား မြောက်ကိုရီးယားမှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အမေရိကန်အနေနှင့် မူဝါဒများအပေါ် ဖိနှိပ်ချုပ်ချယ်ပြီး ၄င်းတို့အပေါ်ရန်လိုခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်ဟု စွပ်စွဲထားသည့် ဆိုနီပစ်ချာအန်တာတိန်းမန့် ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတဘားရတ်အိုဘားမား၏ အမိန့်အရပိတ်ဆို့မှုများ တိုးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။ မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီ၊ လက်နက်ရောင်းဝယ်မှုနှင့် ဆက်စပ်နေသူ (၁၀)ဦး အပါအဝင် ကဏ္ဍရပ်(၃)ခုတွင် ပိတ်ဆို့မှုများ တိုးမြင့်ခဲ့တာဖြစ်ပါသည်။ မြောက်ကိုရီးယားကဆိုက်ဘာတိုက်ခိုက်မှုတွင် ၄င်းတို့အနေနဲ့ ပါဝင်ပက်သက်မှု မရှိကြောင်း ငြင်းဆိုထားကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment