Thursday, January 29, 2015

ISများဖမ်းဆီးထားသည့် ဂျပန်ဓားစာခံလွတ်မြောက်ရေး ဂျပန်နိုင်ငံအနေနှင့် သတင်းအချက်အလက် များစုဆောင်းနေ




ISလက်နက်ကိုင်များက ဓါးစာခံအဖြစ် ဖမ်းဆီးထားသည့် ဂျပန်ဓါးစာခံ ကန်ဂျီဂိုတို လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံအနေနှင့် သတင်းအချက်အလက်များကို စုဆောင်းပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေကြောင်း ဂျပန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ယာဆူဟီဒီ နာကာရာမာက ပြောကြားခဲ့ပါသည်။ ဂျပန်အစိုးရသည် ဂျော်ဒန်အစိုးရနှင့် ပူးပေါင်းပြီး ဓါးစာခံကို အမြန်ဆုံးကယ်တင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်းလည်း နာကာရာမာက ပြောကြားခဲ့ပြီး ဒါဟာ အိုင်အက်စ်တို့ထံမှ ခြိမ်းခြောက်ထားသည့် အသံဖိုင် ထွက်ပေါ်လာပြီးနောက် ဂျပန်အစိုးရဘက်မှ ပထမဆုံးထွက်ပေါ်လာသည့် ဝေဖန်ချက်ဖြစ်ပါသည်။ ၄င်းအသံဖိုင်ထဲမှာ အသေခံဗုံးဖောက်ခွဲသူ ရီရှာဝီကို လွှတ်မပေးပါက ဓါးစာခံ(၂)ဦးကို (၂၄)နာရီအတွင်း သတ်ပစ်မှာဖြစ်ကြောင်း ပြောကြားထားပါသည်။ ဂျော်ဒန်တပ်ဖွဲ့သည် ၄င်းအသံဖိုင်ကို အတည်ပြုရန် ကြိုးစားလျက်ရှိသလို ဓါးစာခံ(၂)ဦးကို ကယ်တင်နိုင်ရန် တပ်ဖွဲ့ဝင်များကိုလည်း အသင့်အနေအထားမှာ ရှိနေစေခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment