Thursday, January 29, 2015

MRTV (ရန်ကုန်)တွင် ကလေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေး ၀န်ကြီးဌာန၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် ကလေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ အစီအစဉ်ကို မနေ့က မနက် (၁၀)နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(ဘီ)တွင် ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုကို အမက(၂) မူလွန်လှိုင်၊ ဒုတိယဆုကို အလက(၃)ဒဂုံ၊ တတိယဆုကို အမက(၁)ဗဟန်းနှင့် နှစ်သိမ့်ဆုကို အမက(၉) စမ်းချောင်း တို့က  ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်သည်။ အလားတူ ကလေးများ၏ ပုံပြောပြိုင်ပွဲ အစီအစဉ်ကို နေ့လည် (၁)နာရီတွင် ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုကို အလက(၃)ဒဂုံ၊ ဒုတိယဆုကို အမက(၁)ဗဟန်း၊ တတိယဆုကို အမက(၂)လှိုင် (မူလွန်) နှင့် နှစ်သိမ့်ဆုကို အမက(၉)စမ်းချောင်း တို့က ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြပါသည်။ ထို့အတူ ကလေးများ၏ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲ အစီအစဉ်ကို နေ့လည် (၂)နာရီတွင် ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုကို အမက(၁)ဗဟန်းမှ မောင်မျိုးထွဋ်ဇော်၊ ဒုတိယဆုကို အမက(၉)စမ်းချောင်းမှ မောင်သန့်ထက်အောင်၊ တတိယဆုကို အမက(၂)လှိုင်မှ မနေခြည်လဲ့ဇော် နှင့် နှစ်သိမ့်ဆုကို အလက(၃)ဒဂုံမှ မအေးမြတ်နိုးတို့က ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ကြပါသည်။

No comments:

Post a Comment