ရန်ကုန်တိုင်းအတွင်း
တန်ဖိုးနည်းအိမ်ယာစီမံကိန်းများ တိုးချဲ့တည်ဆောက်နေသော်လည်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများအပေါ်
သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်သေးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြောင်း
သိရပါသည်။ တန်ဖိုးနည်းတိုက်ခန်းများ၏ ရောင်းဈေးသည် ပြည်သူအများ ၀ယ်ယူနိုင်သည့် အခြေအနေမဟုတ်ဘဲ
ဈေးမြင့်နေခြင်းနှင့် တည်ဆောက်သည့်နေရာများက သွားလာရခက်ခဲ သည့် မြို့အစွန်များမှာပဲဖြစ်နေခြင်းကြောင့်
မြို့တွင်းပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများ အခြေအနေ ဆက်ကောင်းနေလိမ့်မည်ဟု ပြောကြောင်း
သိရပါသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက တစ်နိုင်ငံလုံး တွင် တန်ဖိုးနည်းနှင့်
တန်ဖိုးသင့် အိမ်ခန်းပေါင်း လေးသောင်း သုံးထောင်ကျော်ကို ၄ နှစ်အတွင်း ထွက်ရှိရန် အကောင်အထည်ဖော်နေသည်ဟု
ပြောထားကြောင်း သိရပါသည်။ သို့သော် ရောင်းဈေးက အနည်းဆုံး ကျပ်သိန်းတစ်ရာဝန်းကျင်ရှိနေခြင်းကြောင့်
ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင် များထက် ဈေးအနည်းငယ် သာသက်သာသည်ဟုလည်း ပြောခဲ့ကြောင်း
သိရပါသည်။
No comments:
Post a Comment