Friday, February 27, 2015

ပထမအကြိမ် မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပမည်

ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြုပြင်ပြောင်းလဲ လျက်ရှိပါသည်။ မြန်မာ့အသံ (ရေဒီယို)၏ ဒေသဆိုင်ရာ အမာခံ သတင်းထောက်များ တိုးပွားလာစေရန်၊ မြန်မာ့အသံမှ ထုတ်လွှင့်သည့် အစီအစဉ်များအပေါ် ဝေဖန်အကြံပြုချက်များ ရရှိစေရန်နှင့် သောတရှင်များနှင့် မြန်မာ့အသံ ဝန်ထမ်းများအကြား ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိစေရန် ရည်ရွယ်လျက် မြန်မာ့အသံ ချစ်သူများအဖွဲ့ကို ၂၀၁၃ ခုနှစ် မေလတွင် မြန်မာ့အသံ (ရေဒီယို)မှ သတင်းထုတ်ပြန်ပြီး ဖိတ်ခေါ်ဖွဲ့စည်းခဲ့ရာ ယခုအခါ အနယ်နယ်အရပ်ရပ်မှ မြန်မာ့အသံ ချစ်သူအဖွဲ့ဝင် (၂)ထောင်ကျော် ရှိနေပြီ ဖြစ်ပါသည်။

No comments:

Post a Comment