Wednesday, February 25, 2015

သင်္ဘောသားများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး အလုပ်ရုံဆွေးနွေပွဲ ကျင်းပ



လက်ရှိမြန်မာနိုင်ငံတွင် သင်္ဘောသားဦးရေ ငါးသောင်းဝန်းကျင်ခန့်ရှိကြောင်း သိရပါသည်။ အဆိုပါ ပမာဏ၏ ၄၀ ရာခိုင်နှုန်းကျော်က အလုပ်အကိုင်ရရှိပြီး ကျန်ပမာဏက အလုပ်ခွင်ဝင်ရောက်နိုင်ရန် စောင့်ဆိုင်း နေကြရကြောင်း သိရပါသည်။ ၎င်းအပြင် လုပ်ခလစာ ပြဿနာများလည်း ဟိုးအရင်က ကြုံခဲ့ရကြောင်း သိရပါသည်။ အခုနောက်ပိုင်း ၎င်းပြဿနာမျိုး နည်းပါးသွားပြီလို့ သိရပါသည်။ သို့သော် မြန်မာသင်္ဘောသား အလုပ်သမားများကြားတွင် အရည်အချင်းကွာဟမှု ကြီးမားလျက်ရှိသည်ဟု ပြောကြပါသည်။ အဓိကက ဘာသာစကား အခက်အခဲကို မကျော်လွှားနိုင်သေးခြင်းဖြစ်ကြောင်း သိရပါသည်။ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့က မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် MSF ကြီးမှူးပြီး သင်္ဘောသားအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့၊ အုတ်လမ်းရှိ ယုဇနဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ MSF က ၂၀၁၂ခုနှစ်မှာစတင်ဖွဲ့စည်းပြီး ပင်လယ်ကူးသင်္ဘောသားများအတွက် အပြည်ပြည်ဆိုင်ရာ သင်တန်းများပို့ချခြင်း သင်္ဘောသား အသင်းဝင်များနှင့် မိသားစုများ၏ လူမှုရေးကိစ္စများနှင့် အလုပ်ရှင်နှင့်အလုပ်သမားကြား အမှုကိစ္စများကို အထူးကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ Class NK က MSF ကို ISO 9001-2008 လက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။ Class NK က ၁၈၉၉ ခုနှစ်ကတည်းက စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ တည်ထောင်ခဲ့သည့် ပင်လယ်ပြင် ကူးသန်း ရေးဆိုင်ရာ ကိစ္စများတွင် နာမည်ရသည့်အဖွဲ့အစည်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါ လက်မှတ် ရရှိခြင်းသည် မြန်မာသင်္ဘောသားအဖွဲ့ဝင်များအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ SRPS နှင့်ပတ်သက်၍လည်းကောင်း MLC - ၂၀ဝ၆ နှင့်ပတ်သက်၍လည်းကောင်း စာတမ်းများဖတ်ကြားတင်ပြသလို မြန်မာနိုင်ငံရေကြောင်း အင်ဂျင်နီယာအသင်း MMEA မြန်မာနိုင်ငံရေကြောင်းအတက်ပညာရှင်များအသင်း MNA တို့မှလည်း စာတမ်းများ ဖတ်ကြားတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သင်္ဘောသားအလုပ်သမားများ အလုပ်အကိုင် ပိုမိုရရှိရေးအတွက် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။ 

No comments:

Post a Comment