မြန်မာ့ရေနံထွက်
ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် မီးဘေးအန္တရာယ်
ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြော ပို့ချခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနား ညောင်ရွှေမြို့တွင် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၊ ညောင်ရွှေမြို့မှ ဌာနခွဲ မန်နေဂျာက
စက်သုံးဆီိ ကိုင်တွယ်နေရသည့် MPPE ဌာနများအနေဖြင့် မီးကာနံရံ အဟန့်အတား၊ မီးခြားလမ်းများ
ဆောင်ရွက်ရှင်းလင်း ထားဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တောင်ကြီးမြို့နယ်
မီးသတ်ဦးစီးဌာနမှူးမှ လက်တွေ့သရုပ်ပြ အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့မှ
လက်တွေ့ မီးငြိမ်းသတ်ခြင်းကို ပြသခဲ့ပါသည်။
No comments:
Post a Comment