Tuesday, February 24, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်ကာပူနိုင်ငံအခြေစိုက် အာရှ- ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ


ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်  HD   Center   (Center for Humanitarian Dialogue)  ၏ စင်ကာပူနိုင်ငံ အခြေစိုက် အာရှ- ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး (Mr. Michael Vatikiotis) ဦးဆောင်သော အဖွဲ့အား ဖေဖော်ဝါရီလ (၂၄)ရက် မနက်(၈)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment