Sunday, February 1, 2015

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် နှစ်စဉ်တိုးတက်လာ

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် နှစ်စဉ်တိုးတက်လာနေပြီး အလုပ်အကိုင်နေရာပေါင်း တစ်သန်းအထိ ပေးနိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ယောက်က ပြောကြောင်း သိရပါသည်။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းခံခဲ့ရသည့် ၂၀၁၂ ခုနှစ်ကနေ အထည်ချုပ်လုပ်ငန်းတွေ ပိုတိုးတက်လာခဲ့ပြီး လက်ရှိအချိန်မှာ အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲလောက် ပေးထား နိုင်ပြီဖြစ်ခြင်းကြောင့် ဆက်လက် တိုးတက်လာမည့်အနေအထားက အလုပ်အကိုင် တစ်သန်းလောက်အထိ ဖြစ်လာနိုင်ကြောင်း ပြောခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံမှ ချုပ်ပြီးသားအထည်တွေကို ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံတွေဆီ အဓိကတင်ပို့နေပြီး ဂျပန်ကို ၄၈ ရာခိုင်နှုန်းကျော်၊ တောင်ကိုရီးယားကို ၃၃ ရာခိုင်နှုန်းကျော်နှင့် ဥရောက်ပနိုင်ငံများကို ၁၄ ရာခိုင်နှုန်းကျော် တင်ပို့နေကြောင်း သိရပါသည်။ ကျန်သည့် ၅ ရာခိုင်နှုန်းလောက်ကို တခြားနိုင်ငံများကို တင်ပို့နေကြောင်း သိရပါသည်။ ပြည်ပတင်ပို့မှုဝင်ငွေကို ကြည့်မည်ဆိုရင် ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၄၉၀ ကျော်၊ ၂၀၁၁ ခုနှစ်တွင် ၇၇၀ ကျော်၊ ၂၀၁၂ မှာ ၈၃၅ သန်းကျော်နှင့် ၂၀၁၃ ခုနှစ်တွင် စံချိန်တင်ဝင်ငွေအဖြစ် သန်းပေါင်း ၁၂၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment