Tuesday, February 24, 2015

တစ်ဦးနှင့်တစ်ဦး အွန်လိုင်းတွင် တိုက်ခိုက်နေကြခြင်းအပေါ် ဟန့်တားသွားမည်ဟု ပြင်သစ်သမ္မတ ပြောကြား



ပဲရစ်ကိစ္စနောက်ပိုင်းတွင် ဆက်ဖြစ်နေဆဲ လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေဖြစ်စေသော အွန်လိုင်းက အမုန်းစကားများနှင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေခြင်းများကို ဖယ်ရှားပေးနိုင်ရန်အတွက် အင်တာနက် ကုမ္ပဏီကြီးများ ဖြစ်သည့် ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်ခ်တို့သို့ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါသည်။ လာမဲ့ ဧပြီလတွင် ညီလာခံတစ်ရပ် ကျင်းပပြီး အမုန်းစကားများ ပျံနှံမှုမှ တိုက်ဖျက်သွားနိုင်မဲ့ နည်းလမ်းများကို သဘောတူညီမှုရရှိသွားနိုင်အောင် အဓိကထား ကြိုးစားသွားမည်ဟု ဆိုပါသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပဲရစ်တိုက်ခိုက်မှုတွင် လက်နက်ကိုင်များကြောင့် လူပေါင်း(၁၇)ဦး သေဆုံးခဲ့ရမှုတွင် ဂျူးလူမျိုး (၄)ဦးလည်း ပါဝင်ခဲ့ပါသည်။ လူမျိုးရေးခွဲခြား ဆက်ဆံမှုတွေနှင့် ထိခိုက်စေမှုတွေကို အစိုးရအနေနှင့် တိုက်ဖျက်သွားရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး လတ်တလော အခြေအနေများအရတော့ ဂျူးဘုရားကျောင်းနှင့် ဗလီများကို လိုအပ်သည့် အချိန်ကာလတစ်ခုအထိ လုံခြုံရေးအရ ထိန်းသိမ်းစောင့်ကြည့်သွားရမှာ ဖြစ်ကြောင်း ဒါ့အပြင် သတင်းလွတ်လပ်ခွင့်လို့ အော်ဟစ်နေပြီး စောင့်ထိန်းမှုမရှိသည့် အမုန်းစကား ရေးသားနေမှုတွေကို ထိထိရောက်ရောက် တားဆီးအပြစ်ပေးမှုတွေလည်း လုပ်ဆောင်သွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment