Tuesday, February 24, 2015

ယူကရိန်းအရှေ့ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပြီးဖြစ်ပေမဲ့ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေ



အိမ်နီးချင်း ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲတစ်ခု ဖြစ်လာရန် ရည်ရွယ်ခဲ့ပါသလားလို့ မေးမြန်းခဲ့ရာတွင် (အခြေအနေတွေက တစ်ခါတစ်ရံတွင် တွန်းပို့တတ်ပါသည်။ ဒီလို ဖြစ်လာမည်ဟု မထင်ထားပါဘူး။ )ဟု ဆိုပါသည်။ ခရိုင်းမီးယားအရေးနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်က ရုရှား၏ သိမ်းယူခဲ့မှုအပေါ် မေးမြန်းရာတွင်တော့ ပူတင်က (ခရိုင်းမီးယား ပြည်သူတွေ၏ လွတ်လပ်သော ရွေးချယ်မှု့တစ်ခု ဖြစ်ပြီး ဒါကို နိုင်ငံတကာ အသိုက်အဝန်းက လေးစားသမှုရှိရန်လိုကြောင်း) ပြန်လည်ဖြေကြားခဲ့ပါသည်။ လွန်ခဲ့သည့် တစ်နှစ်က ကိဗ်မြို့ မငြိမ်မသက်မှုများအတွင်း လမ်းပေါ်ဆန္ဒပြသူများကို စနိုက်ပါများနှင့် ပစ်ခတ်ခဲ့မှုကြောင့် ယူကရိန်း (၁၀ဝ) သေဆုံးခဲ့ရခြင်းအပေါ် ယူကရိန်း သမ္မတက ရုရှား၏ လုပ်ရပ်လို့ စွပ်စွဲထားခဲ့တာလည်း ရှိနေပြီး ပူတင်က လုံးဝအဓိပ္ပါယ် မရှိဘူးလို့ ပြန်လည်ပြောကြားခဲ့ပါသည်။ ယူကရိန်းအရေးအတွက် မင့်စ်တွင်နောက်ထပ် ဆွေးနွေးပွဲတွေ မလိုတော့ဘူးလို့လည်း ပူတင်က ပြောကြားခဲ့ပါသည်။ ယူကရိန်းအရှေ့ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးတွေအတွက် ဆွေးနွေးပြီးပေမဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment