Friday, February 27, 2015

ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပ

ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၆)ရက် နံနက် (၉)နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ Hotel Loikaw ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ အမှာစကား ပြောကြားရာမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုဟာ မဖြစ်မနေလိုအပ်ကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းသွားလျှင် ပြည်ထောင်စုကြီးကို ဘယ်လိုပုံဖော် ကြမလဲဆိုတာ စဉ်းစားတဲ့အခါ ယနေ့ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံး အပါအဝင် တိုင်းရင်းသားတွေ အထူးစိတ်ဝင်စားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ရောက်လာပြီး ဖြစ်ကြောင်း၊ ဒါကြောင့် ဒီလိုတွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးသန်းကျော်စိုးမှ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Hanns Sidle Foundational ဌာနေကိုယ်စားလှယ် Achim Munz မှ အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရှေးအလားအလာများကို မြန်မာငြိမ်းချမ်းရေးစင်တာ ဦးကျော်စိုး (MPC)၊ စာရေးဆရာ ဦးအေးမောင်ကျော်၊ Nyein Foundation မှ ဆရာဦးပလူးရယ်တို့က ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုတာတွေကို ပြန်လည်မေးမြန်းပြီး ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ကြောင်း သိရှိရပါသည်။ ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၆)ရက်မှ(၂၇)ရက်ထိ နှစ်ရက်ကြာ ဆွေးနွေးသွားမှာ ဖြစ်ပါသည်။

No comments:

Post a Comment