Wednesday, February 4, 2015

စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နည်းပညာအတည်ပြုပြဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက်တွင် ဝန်ကြီးဌာန၊ စုဝေးခန်းမတွင် ကျင်းပသော စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ နည်းဥပဒေ အတည်ပြုပြဌာန်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နည်းဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ (မူကြမ်း) အပေါ် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်တာများကို အကြံပြုနိုင်ရန်နှင့် နည်းဥပဒေအတည်ပြုပြီးနောက် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ကြိုတင်ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ASEAN Free Trade Area (AFTA) ထူထောင်ရန်လိုအပ်သည့် နည်းဥပဒေများ၊ သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ စံချိန်စံညွှန်းများကို ၂၀၁၅ ခုနှစ် အမှီရေးဆွဲမြှင့်တင်ရန် လိုအပ်နေပါကြောင်း၊ နိုင်ငံတကာတွင် အကျိုးရှိစွာအသုံးချနေသည့် စံချိန်စံညွှန်း အရည်းအသွေးစစ်ဆေးရန်နှင့် တိကျစွာတိုင်းတာမှု လုပ်ငန်းများကို ဥပဒေနှင့် အညီစနစ်တကျ ထိန်းချုပ်၍ အားပေးမြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာ နည်းဥပဒေ (မူကြမ်း) ကို ပြင်ဆင်ဖြည့်စွက်သင့်တာများရှိ ပါက ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပညာရှင်များမှ ညှိနှိုင်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment