Thursday, February 26, 2015

Maps to the stars ဇာတ်ကား

Maps to the stars ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့က စတင် ရုံတင်ပြသနေပြီဖြစ်ကြောင်း သိရပါသည်။ အမေရိကန်ပြည်ထောင်စုမှ ဟောလိဝုဒ် ရုပ်ရှင်လောကထဲ ဝင်ဆံ့လိုသည့် သူများနှင့် ရုပ်ရှင်လောကထဲတွင် အောင်မြင်မှုမရခဲ့သည့် သရုပ်ဆောင်များ အကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါသည်။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားကြပြီး အိမ်မက်နှင့် လက်တွေ့ထပ်တူမကျသည့်အခါ ဘဝကို ဘယ်လိုဆက်လက် ဖြတ်သန်းမလဲဆိုသည့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ၎င်းဇာတ်လမ်းကို ဒါရိုက်တာ ဒေးဗစ်ခိုနမ်ဘက်က ရိုက်ကူးတင်ဆက်ထားပြီး သရုပ်ဆောင်များဖြစ်သည့် ဂျူလီယမ်မိုး၊ ဂျွန်ကူဇက်၊ ရောဘက် ပတ်တီဆန်တို့အပြင် အခြားသရုပ်ဆောင် ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါသည်။ ၎င်းဇာတ်ကားကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၁၃ သန်းအသုံးပြုထားကြောင်း သိရပါသည်။ 

No comments:

Post a Comment