Wednesday, February 25, 2015

Tomorrow သတင်းဂျာနယ် နှစ်ပတ်လည် အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များတွင် သိသာထင်ရှားသော အပြောင်းအလဲ အဖြစ် သတင်း မီဒီယာလွတ်လပ်ခွင့်များ ရရှိလာပြီး ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်များ၏ အခန်းကဏ္ဍပိုမိုထင်ရှားလာခဲ့ရာ နေ့စဉ်၊ အပတ်စဉ် ထုတ်ဝေလျက်ရှိသော ပုဂ္ဂလိက သတင်းစာနှင့် သတင်းဂျာနယ်များ အနက်မှ Tomorrow သတင်းဂျာနယ် ထုတ်ဝေခြင်း တစ်နှစ်ပြည့် နှစ်ပတ် လည် အခမ်းအနားကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel ဟိုတယ်တွင် ကျင်းပသည်။ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ တာဝန်ရှိသူများ၊ ၊ Tomorrow သတင်းဂျာနယ်၏ အမှုဆောင် အရာရှိချုပ် နှင့် ဒါရိုက်တာ အဖွဲ့ဝင် များ၊ စာပေနှင့်စာနယ်ဇင်း အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ၊ သတင်းစာဆရာများ နှင့် ဖိတ်ကြား ထားသော ဧည့်သည်များ တက်ရောက်ကြသည်။ 

No comments:

Post a Comment