စာကြည့်တိုက်ပညာဆိုင်ရာ အတွေးအမြင်၊
အတွေ့အကြုံများ ဖလှယ်ရန်၊ စာကြည့်တိုက်မှူးများအချင်းချင်း စာကြည့်တိုက်
ဝန်ဆောင်မှုလုပ်ငန်းများ မျှဝေဆောင်ရွက်ရန် စာကြည့်တိုက်များတွင် တွေ့ကြုံနေရသော
အခက်အခဲ စိန်ခေါ်မှုများကို သိရှိနားလည်ပြီး ကျော်လွှားနိုင်မည့် နည်းလမ်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့်
စာကြည့်တိုက်မှူးများအချင်းချင်း ရင်းနှီးချစ်ကြည်၍ စာကြည့်တိုက်များနှင့်
စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍ ကို မြှင့်တင် သွားရန် စသည့်ရည်ရွယ်ချက်များဖြင့်
ဒုတိယအကြိမ် မြန်မာနိုင်ငံစာကြည့် တိုက်မှူးများ ညီလာခံကို မတ်လ(၁)ရက်နေ့တွင်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က စာကြည့်တိုက်များ
ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ စာဖတ်သူ တိုးတက် လာစေရေးနှင့် စာကြည့်တိုက်မှူးများ၏
အရည်အသွေး ပြည့်ဝရေးတို့နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
No comments:
Post a Comment