ကနေဒါ လေကြောင်းလိုင်းမှ
လေယာဉ်တစ်စင်းသည် မတ်လ(၃၀)ရက်နေ့က ပြေးလမ်း ချော်ခဲ့သည့်အတွက် ခရီးသည်ပေါင်း (၂၃)ဦးဒဏ်ရာများ
ရရှိခဲ့ကြကြောင်း သိရပါသည်။ လေယာဉ်ဟာ အရှေ့ဘက်ကမ်းခြေမြို့ ဟာလီဖက်စ်မှာ ပြေးလမ်းသို့အဆင်း
လမ်းချော်ပြီး မတော်တဆ ဖြစ်ခဲ့တာ ဖြစ်ပါသည်။ ညသန်းခေါင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး
(၂၃)ဦးမှ(၁၈)ဦးကို ဆေးရုံသို့ တင်ပို့ထားရကာ အဲဘတ်စ်အေ-၃၂၀ လေယာဉ်သည် (တိုရွန်တို)မှ
ခရီးသည် (၁၃၃)ဦးနှင့် လေယာဉ်အမှူထမ်း (၅)ဦးတို့ကို တင်ဆောင်ပျံသန်း လာခဲ့တာဖြစ်ကာ၊
စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ မတော်တဆ ဖြစ်ချိန်မှာ လေဆိပ်အနှံ့ နှင်းများထူထပ်စွာ
ကျဆင်းနေကာ ပါဝါလိုင်းတစ်ခုကို ဝင်တိုက်မိခဲ့ဟန်တူပြီး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သည်ဟုလည်း
ပြောကြားခဲ့ကြကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။
No comments:
Post a Comment