Wednesday, April 29, 2015

အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ပညာရပ်များကို လူငယ်များ ပိုမိုစိတ်ဝင်စားလာ
မြန်မာနိုင်ငံသည် ပွင့်လင်းမြင်သာပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လမ်းဖွင့်ပေးခဲ့ပြီးသည့်နောက် မြန်မာ့ခရီးသွားလုပ်ငန်းသည်လည်း သိသာစွာတိုးတက်လာခဲ့ပါသည်။ ထိုသို့ တိုးတက်လာခြင်းနှင့် တစ်ချိန်တည်းတွင် မြန်မာ့ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်လျက်ရှိသည့် ဟိုတယ်လုပ်ငန်း ခရီးသွား ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ သို့သော်လည်း ၎င်းလုပ်ငန်းများ၏ အဓိကလိုအပ်ချက်က ကျွမ်းကျင်သည့်ဝန်ထမ်းလိုအပ်ချက်ဖြစ်နေပါသည်။ ယခုနှစ်ပိုင်းအတွင်းတွင် ဟိုတယ်ဆိုင်ရာ ပညာရပ်တွေကို လူငယ်တွေကြားတွင် အထူးစိတ်ဝင်စားခြင်းကို တွေ့မြင်ရပြီး ၎င်းပညာရပ်နှင့်အသက်မွေးဝမ်းကြောင်းမှုပြုလာခြင်းပိုများပြားလာပါသည်။ ၎င်းထဲကမှ ဟိုတယ်ဝန်ဆောင်မှု သင်တန်းများတွင်  ဟိုတယ်စီမံခန့်ခွဲမှုသင်တန်း၊ ဧည့်ကြိုသင်တန်း၊ နိုင်ငံတကာအဆင့် အစားအစာချက်ပြုတ်ပြင်ဆင်နည်း သင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းတို့မှ တက်ရောက်မှုများပြားနေပြီး ပြည်ပနိုင်ငံများမှ အသိအမှတ်ပြုသည့်အပြင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် IMF  အသိအမှတ်ပြု Training Center များထဲမှ Star Resources Tourism & Hospitality Management Academy မှ ၂၀ဝ၅ခုနှစ်နောက်ပိုင်းမှစပြီး သင်တန်းသား တစ်သောင်းသုံးထောင်ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ခုနှစ်အတွင်းတွင်သင်တန်းသား ခြောက်ရာ့ကိုးဆယ်ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းသင်တန်းများဖွင့်လှစ်ခြင်းအားဖြင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိပြီး ဟိုတယ်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍသည်လည်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။

No comments:

Post a Comment