Saturday, April 4, 2015

ယူရို ၂၀၁၆ ခြေစစ်ပွဲ ပွဲစဉ်ပျက်ခဲ့သည့်အတွက် ရုရှနှင့် မွန်တီနီဂရိုး အဖွဲ့ချုပ်များကို ဥရောပဘောလုံးအဖွဲ့ချုပ် က စွဲချက်တင်



ယူရို ၂၀၁၆ ခြေစစ်ပွဲ ပွဲစဉ် ပျက်ခဲ့သည့်အတွက် ရုရှနှင့်  မွန်တီနီဂရိုး အဖွဲ့ချုပ်များကို ဥရောပဘောလုံး အဖွဲ့ချုပ်က စွဲချက်တင်လိုက်ကြောင်း သိရပါသည်။ ဂိုးမရှိသရေနှင့် ရပ်ဆိုင်းခဲ့ရသည့် ၎င်းပွဲကို စုံစမ်းစစ်ဆေး နေပြီး အိမ်ရှင် မွန်တီနီဂရိုးအသင်းသည် သုံးဂိုး၊ သုံးမှတ်နှင့် အရှုံးပေးရဖို့ များနေပါသည်။ ၎င်းပွဲတွင် မီးကျည်ထိမှန်ခဲ့သည့် ရုရှဂိုးသမား အကင်ကိဗ်သည် ဒဏ်ရာ မပြင်းထန်သည့်အတွက် ဆေးရုံက ချက်ချင်း ဆင်းခွင့်ရခဲ့ကြောင်း သိရပါသည်။ 

No comments:

Post a Comment