ဘရာဇီးနိုင်ငံ ဆွာပိုလိုရှိ ကာရက်ပီကျူဘာမှာ ရဟတ်ယာဉ်တစ်စင်း လူနေအဆောက်အဦးပေါ် ပျက်ကျမှုတစ်ရပ်(၂-၄-၂၀၁၅) ရက်နေ့က ဖြစ်ပွားခဲ့ပြီး လေယာဉ်မှူးနှင့် ခရီးသည်(၃)ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီးသတ်တပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရပါသည်။ ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် ညနေ(၅)နာရီ(၂၀)မိနစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဆောက်အဦး အမိုးပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကာ အဆောက်အဦး တစ်ခုလုံး ပျက်စီးသွားပြီး မြေပေါ်သို့ ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဒေသတွင်း တာဝန်ရှိသူများ၏ ပြောကြား ချက်အရ ပျက်ကျမှုဖြစ်စဉ်မှာ အဆောက်အဦး အတွင်း လူရှိမနေခဲ့ကြောင်းနဲ့ ဒီရဟတ်ယာဉ်ဟာ EC 155 မော်ဒယ်လ် အမျိုးအစားဖြစ်ပြီး သက်တမ်း(၄)နှစ်ရှိပြီဖြစ်ကာ ပျံသန်းချိန် နာရီ(၆၀၀)နီးပါးရှိပြီ ဖြစ်ပါသည်။ ရဟတ်ယာဉ်မှူးဟာ လေယာဉ်မောင်းအတွေ့အကြုံနှစ်(၃၀)ရှိပြီဖြစ်ကာ ယခုပျက်ကျမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ် အရ သိရှိရပါသည်။
No comments:
Post a Comment