Saturday, April 4, 2015

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ရှေ့တန်းရောက် တပ်မတော်သားများ၊ နိုင်ငံတော်အတွက် အသက်ပေး ဆက်သူ/ဒဏ်ရာရနှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေ သည့် ကြက် ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ နှင့်ဒဏ်ရာရ သတင်းသမားများအား ထောက်ပံ့ခြင်းအခမ်းအနားသို့ တက် ရောက်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်များ သည် လောက်ကိုင်ဒေသဖြစ်စဉ်ကြောင့် ရှေ့တန်းတွင်သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများကို အားပေးထောက်ပံ့ခြင်း၊ နိုင်ငံတော်အတွက် အသက်ပေးဆက်သူများ၊ ဒဏ်ရာရ စစ်သည်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီယာ သမားများအားဂုဏ်ပြုရန် နေပြည်တော်မှ ဧပြီ ၄ ရက် နံနက်ပိုင်း တွင် လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ လားရှိုးမြို့သို့ နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိခဲ့ကြသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံ ခုတင်(၁ဝဝ) ၌ တက်ရောက်ကုသလျက်ရှိသော ဒဏ်ရာရ တပ်မတော်သားများကို သွားရောက်ကြည့်ရှု အားပေးပြီး တစ်ဦးချင်းသို့ ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ရှေ့တန်းရောက် တပ်မတော်သားများ၊ နိုင်ငံတော်အတွက် အသက်ပေး ဆက်သူ/ဒဏ်ရာရနှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေ သည့် ကြက် ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ နှင့်ဒဏ်ရာရ သတင်းသမားများအား ထောက်ပံ့ခြင်းအခမ်းအနားသို့ တက် ရောက်ကြသည်။

No comments:

Post a Comment