သဘာဝသယံဇာတစွမ်းအင်များ
ရှားပါးလာသည့် ယနေ့ကမ္ဘာတွင် နေ၊ရေ၊လေစသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ( Renewable Energy ) များကို
နိုင်ငံအတော်များများတွင် အသုံးပြုလာကြပါသည်။ ၎င်းသည် ကမ္ဘာကြီး၏ ဂေဟစနစ်ကောင်းမွန်စေရန်
အပေါင်းလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံသား ပြည့်ဖြိုးမြဲစွမ်းအင်
ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်းပြီး ပြည်တွင်းဖြစ် လောင်စာမဲ့ နေစွမ်းအင်သုံးမီးဖိုကို
ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။ နေရောင်ခြည်ကို တိုက်ရိုက်အသုံးချသည့် ဒီမီးဖို၏ အားသာချက်က
နေရောင်ပြင်းသည့်အချိန် (၁၀)နာရီခွဲမှ (၄)နာရီခွဲအတွင်း လောင်စာမဲ့ နေစွမ်းအင်သုံးမီးဖိုကို
အသုံးပြုပြီး ထမင်းချက်မည်ဆိုလျှင် (၃)လုံးချက်တစ်အိုးကို မိနစ် (၃၀)မှ (၃၅)အတွင်း
ကြာမြင့်မည်ဖြစ်ပါသည်။ ဈေးနှုန်းက မိသားစုသုံးမီးဖိုတစ်ခုကို ငွေကျပ်ခြောက် သောင်းကိုးထောင်ကျပ်
ဖြစ်သည်ဟု သိရပါသည်။
No comments:
Post a Comment