Saturday, May 30, 2015

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး ဌာနခွဲသို့ သွားရောက် ကြည့်ရှု

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိ သူများနှင့် အတူ မေလ(၃၀)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ စက်မှု ဝန်ကြီး ဌာန မြန်မာ့ဆေးဝါး လုပ်ငန်း(အင်းစိန်) ကြီးကြပ်မှု အောက် ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနခွဲ(မှော်ဘီ)သို့ သွားရောက် ကြည့်ရှု စစ်ဆေး ရာ စက်ရုံမှူး ဦးဝင်းကိုကိုက ဆေးဝါး စက်ရုံ(အင်းစိန်) ရှိ မွေးမြူရေး ဌာနအား မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေး ဌာနခွဲ (မှော်ဘီ) သို့ ပြောင်းရွှေ့ပြီးစီး မှု အခြေအနေ၊ မြင်းများ၊ သိုးများထားရှိရန် အဆောက်အအုံ များ ဆောက်လုပ်ထားရှိ မှုကို ရှင်းလင်းတင်ပြသည်။

No comments:

Post a Comment