Sunday, May 31, 2015

(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရွက်လှေအားကစား အသင်းများ စင်ကာပူနိုင်ငံသို့ထွက်ခွာ


ဇွန်လ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် ဦးဆောင်သည့် စီမံအုပ်ချုပ်မှုအဖွဲ့၊ သတင်း ပြန်ကြားရေးအဖွဲ့၊ ရွက်လှေ အားကစား အသင်းများသည် မေလ ၃၁ရက်နေ့ နံနက်က လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။ ကျန်ရှိသော မြန်မာအားကစား အသင်းများသည် ဇွန်လ (၁)ရက်နေ့မှာလည်း စင်္ကာပူနိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment