Saturday, May 30, 2015

နေပြည်တော် ကောင်စီဝင် ဦးမျိုးညွန့် ဇမ္ဗူသီရိမြို့နယ် အောင်မ္ဗူရပ်ကွက်တွင် သောက်သုံးရေရှိရေးအတွက် အ၀ီစိတွင်းများ တူးဖော်နေမှုအား ကြည့်ရှု


ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ရရှိစေရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ အဝီစိတွင်းများ တူးဖော်ပေးလျက်ရှိသည်။ မေလ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင် ဇမ္ဗူသီရိမြို့နယ် တာဝန်ခံ ဦးမျိုးညွန့်သည် အောင်မ္ဗူရပ်ကွက် နယ်မြေ(၄)နှင့် နယ်မြေ(၅)သို့ သွားရောက်ပြီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှ တာဝန်ယူပြီး သောက်သုံးရေအတွက် ရေကောင်းရေသန့်များ ရရှိစေရန် အဝီစိတွင်း တူးဖော်ပေးနေမှုကိုလည်ကောင်း၊ အောင်ချမ်းသာကျေးရွာမှာ အဝီစိတွင်း တူးဖော်ပေးနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။


No comments:

Post a Comment