Saturday, May 30, 2015

၂၀၁၅ ခုနှစ် LG ဖလား အသက် (၁၅) နှစ်အောက် ကျောင်းသားလူငယ် ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ

အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး LG ကုမ္ပဏီအုပ်စုရဲ့ အဓိကပံ့ပိုးကူညီမှုဖြင့် ၂၀၁၅ ခုနှစ် LG ဖလား အသက် (၁၅) နှစ်အောက်ျေကာင်းသားလူငယ် ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မေလ (၂၇) ရက်နေ့ ညနေ(၃) နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ Yangon United FC ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲမှာ တတိယဆုရရှိသည့် အထက (၃) အင်းစိန်အသင်း၊ ဒုတိယဆုရရှိသည့် အထက (၅) တောင်ဥက္ကလာပ အသင်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များအား တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် LG ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူတို့က ဆုများချီးမြှင့် ပေးခဲ့ပါသည်။ ဆက်လက်ပြီးတော့ တိုင်းဒေသကြီး စီမံစီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပထမဆုရရှိတဲ့ အထက (၅) သာကေတအသင်းအား ဆုငွေကျပ်သိန်း(၂၀)၊ ဆုဖလားနှင့် တစ်ဦးချင်း ဆုတံဆိပ်များအား ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment