Sunday, May 31, 2015

ရုပ်ရှင်လမ်းညွှန်အစီအစဉ် (Testament of Young ရုပ်ရှင်ဇာတ်ကား)

Testament of Young ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဇွန်လ (၅)ရက်နေ့ တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းရုပ်ရှင်သည် အင်္ဂလိပ်စာရေးဆရာမဖြစ်သည့် ဗီယာ ဘရစ်တိန် အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဗီယာက ၁၉၁၇ခုနှစ်က အင်္ဂလန်နိုင်ငံတွင် အမျိုးသမီးများ ကောလိပ်တက်ခြင်းကို တားမြစ်ထားသည့်အချိန်တွင် ကောလိပ်တတ်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပါသည်။ ကောလိပ်တတ်ခွင့်ရပြီးချိန်တွင် ပထမ ကမ္ဘာစစ်ကြီးဖြစ်ပြီး သူ၏ သူငယ်ချင်းများက ရှေ့တန်းကိုစေလွှတ်ခံရပါသည်။ သူက ကောလိပ်မှထွက်ပြီး သူနာပြုသင်တန်းတက်ရောက်ကာ ဗြိတိန်နှင့် ဂျာမနီစစ်ပွဲအတွင်း နှစ်ဘက်စစ်သားများဆေးကုသပေးပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာ ဂျိမ်စ် ကမ်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့် အဲလစ်ရှာ ဗင်ကထာ၊ ကစ် ဟာရင်တန်၊ ကိုလင် မော်ဂန်၊ အမ်မလီ ဝက်ဆန် စသည့် သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို Lions gates ကုမ္ပဏီမှ ဖြန့်ချိမှာဖြစ်ပါသည်။ 

No comments:

Post a Comment