Monday, June 1, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကုစားစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ (ဖလမ်းမြို့)

ယခုနှစ်မှ စတင်ခဲ့သည် စတုတ္ထတန်း ခရိုင်စစ်နှင့် အဌမတန်း ပြည်နယ်စစ် စာမေးပွဲမှာ ကျရှုံးခဲ့သည် ကျောင်းသာ၊ ကျောင်းသူတွေ၏ ကုစားစာမေးပွဲ ဖြေဆိုခြင်းကို မေလ(၁၄)ရက်နေ့မှ (၁၆)အထိ ဖြေဆိုခဲ့ကြပြီး မေလ(၁၇)ရက်မှာ ဖလမ်းမြို့ အခြေခံပညာ ဦးစီးဌာန မြို့နယ် ပညာရေးမှူးရုံးမှာ အောင်စာရင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။ ဖလမ်းခရိုင်မှာ ဖြေဆိုခဲ့ကြသည် ကုစားစာမေးပွဲ စတုတ္ထတန်းမှာ (၅၈၆)ယောက် ဖြေဆိုခဲ့ရာမှ (၅၆၁)ယောက်နှင့် အဌမတန်းမှာ (၄၉၉)ယောက် ဖြေဆိုခဲ့ရာမှ (၄၆၆)ယောက် အောင်မြင်ခဲ့ကြပါသည်။ ထို့ကြောင့် စတုတ္ထတန်း ကုစားစာမေးပွဲ အောင်မြင်သူတွေဟာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ ပဉ္စမတန်း တက်ရောက်ကြမှာ ဖြစ်ပြီးတော့ အဌမတန်း အောင်မြင်သူတွေကလည်း န၀မတန်းကို တက်ရောက်ကြရမှာ ဖြစ်ပါသည်။

No comments:

Post a Comment