Tuesday, June 30, 2015

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ဥက္ကဌ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး မြစ်ကြီးနားမြို့ နယ်ရှိပရဟိတကျောင်းများနှင့် အခြေခံမူလတန်းကျောင်းသားများသို့  ကျောင်းသားသုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများသွားရောက်လှူဒါန်း



     ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဇွန်လ(၂၉)ရက်နေ့ မနက်ကပ.လ.နကျေးရွာရှိရွာသစ်အခြေခံပညာမူလတန်း(ခွဲ) ကျောင်းသို့ ရောက်ရှိပြီးဆရာ/ ဆရာမများနှင့် ကျောင်သား/ ကျောင်းသူများအားပေးအပ် လှူဒါန်းခဲ့ပါသည်။ ထို့ နောက် ပ.လ.နကျေးရွာရှိအမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းမှာ၎င်း၊ မန်ခိန်ကျေးရွာရှိအမှတ်(၅) အခြေခံပညာ မူလတန်းကျောင်းမှာ၎င်း၊ နန်ကျင်ကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းမှာ၎င်း၊ အောင်တော်မူ ကျောင်းတိုက်သို့၎င်း သွားရောက်ခဲ့ကြပြီးကျောင်းသုံးပစ္စည်းများ၊ စားသောက်ကုန်များ၊ အလှူငွေများအားပေးအပ် လှူဒါန်းခဲ့ကြပါသည်။

No comments:

Post a Comment