Monday, June 1, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ


ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ရုရှားနိုင်ငံ၏ ဆောင်ရွက်နေမှုများအား တန်ဖိုးထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူနှင့်အညီ ရပ်တည်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်ဆံလျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံသည် မိမိတို့၏ မိတ်ဆွေရင်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များနှင့် ချစ်ကြည်ရင်းနှီးမှုရရှိရေးအတွက် ကြိုးစား ဆောင်ရွက် လျက်ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁ရက်နေ့ နံနက် ၁၁ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ်ဦးစီးချုပ် Colonel General OLEG L.SALYUKOV အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။


No comments:

Post a Comment