American Ultra ရုပ်ရှင်
ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် သြဂုတ်လ ၂၁ ရက်နေ့တွင် စတင်ပြသမည်
ဖြစ်ပါသည်။ မိုက်ဟိုဝယ်ဆိုသည့် ဆယ်ကျော်သက် ယောကျာင်္းလေးသည် ချောမောလှပသည့် ချစ်သူမိန်းကလေးတစ်ယောက်ရှိပြီး
စတိုးဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်ပါသည်။ တစ်နေ့တွင် စတိုးဆိုင်အပြင်၌ ရပ်ထားသည့်
သူကားကို လူနှစ်ယောက်က ဖျက်ဆီးနေခြင်းကို တွေ့ပြီးနောက်တွင် ၎င်းလူနှစ်ယောက်ကို သေနတ်နှင့်
ပစ်သတ်မိပါသည်။ သို့သော် သူ့ကိုသူ ဘာလုပ်မိမှန်းမသိဘဲ တစ်ယောက်ယောက်က ထိန်းချုပ်ပြီး
စေခိုင်းနေသလိုဖြစ်နေပါသည်။ မိုက်သည် ၎င်းထိန်းချုပ်ခံနေရခြင်းကို ဖော်ထုတ်ရန် ချစ်သူမိန်းကလေးနှင့်အတူ
ကြိုးစားခြင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်ပါသည်။ ၎င်းဇာတ်ကားကို
ဒါရိုက်တာ နီမာနော်ရာဇဒါက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့်
ခရစ်စတင်းစတီးဝပ်၊ ဂျက်ဆီအီဆင်ဘရာ၊ တိုဖာဂရေ့စ် စသည့် သရုပ်ဆောင်များအပြင် တစ်ခြားသရုပ်ဆောင်များလည်း
ပါဝင် သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ၎င်းဇာတ်ကားကို Lions gate ကုမ္ပဏီမှ ဖြန့်ချိမည်ဖြစ်ပါသည်။
No comments:
Post a Comment