Wednesday, July 1, 2015

သုံးနှစ်နီးပါးကျဆင်းနေ့သည့် ပြည်တွင်းရော်ဘာဈေးနှုန်းပြန်လည်မြင့်တက်

သုံးနှစ်နီးပါး ကျဆင်းနေသည့် ပြည်တွင်းရော်ဘာဈေးနှုန်းများ ဇွန်လဆန်းတွင် အတက်ဈေးနှင့် ရပ်တည်နေခဲ့ကြောင်း သိရပါသည်။ ရော်ဘာအဆင့်များသက်မှတ်ရာတွင် RSS (1)  (၁) ကို အကောင်းဆုံးဟု သတ်မှတ်နိုင်ပြီး မြန်မာပြည်မှ အများဆုံး ထုတ်လုပ်သည့် တတိယတန်းစား RSS (3) က ပြီးခဲ့သည့်နှစ်များက ဒေသတွင်း ပေါက်ဈေး တစ်ပေါင်လျှင်ငွေကျပ်ငါးရာ၊ ခြောက်ရာဝန်းကျင်သာရှိခဲ့သော်လည်း ယခုနှစ်ဇွန်လတွင် တစ်ပေါင်ကို ရှစ်ရာအထိ ပေါက်ဈေးရှိလာကြောင်း သိရပါသည်။ ရော်ဘာအများဆုံးစိုက်ပျိုးသည့် မွန်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စိုက်ဧက လေးသိန်းရှစ်သောင်းကိုးထောင်ကျော်မှ ရော်ဘာတန်ချိန် တစ်သိန်းလေးထောင့်သုံးဆယ်ထွက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၁၄ နှစ်ဆန်းပိုင်းမှ စတင်ကျဆင်းလာသည့် ရော်ဘာဈေးနှုန်းကြောင့် ရော်ဘာခြံရှင်အများစုက အလုပ်သမားကုန်ကျစရိတ်ကို မကာမိသည့်အတွက် ရော်ဘာစေးခြစ်ခြင်းလုပ်ငန်းကိုလည်း ရပ်ဆိုင်းထားရသလို ခြစ်ပြီးရော်ဘာများကိုလည်း ထုတ်မရောင်းဘဲ သိုလှောင်သိမ်းဆည်းထားခဲ့ကြောင်း သိရပါသည်။ ယခုလတ်တလောတွင် ကမ္ဘာ့ ရော်ဘာဈေးနှင့်အတူ မြင့်တက်လာသည့် ပြည်တွင်းရော်ဘာဈေးအနေအထားက ရော်ဘာ စိုက်သူများအတွက် ပြုံးပျော်နိုင်သည့်အနေအထားကို ရောက်ရှိနေပြီဟု သိရပါသည်။  

No comments:

Post a Comment