Thursday, July 2, 2015

အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ စက်ရုံဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ အလှူငွေနှင့် ပစ္စည်းများပေးအပ် (ပျဉ်းမနား)

၂၀၁၅ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ယဉ်ကျေးမှုနှင့် လူမှုရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နာယက ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေမြင့် နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့၊ စက်ရုံဘုန်းတော်ကြီးသင် မူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ (၅၄)ဦးနှင့် ကိုရင်(၃၇)ပါးတို့အား ပညာသင်ထောက်ပံ့ငွေ (၄)သိန်း၊ ကျောင်းဝတ်စုံ (၅၄)စုံ ကိုရင်သင်္ကန်း (၃၇)စုံနှင့် ကျောင်းသုံးစာရေး ကိရိယာမျိုးစုံ ကျပ်(၄၅၀၀၀၀) တန်ဖိုး စုစုပေါင်း (၈၅၀၀၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။


No comments:

Post a Comment