Thursday, July 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ပြင်သစ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာသွားတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး မစ္စတာ သီယရီမာသူ အား ဇူလိုင်လ ၃၀ရက်နေ့ နံနက်(၁၁)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါတယ်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရေးပိုမို တိုးတက်ခိုင်မာလာမှု၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

No comments:

Post a Comment