Thursday, July 2, 2015

မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ စစ်တွေမြို့ ပေါ်ရှိ ကျောင်းများသို့ ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲများကျင်းပ

ဇွန်လ(၃၀)ရက်နေ့တွင် အထက(၄) မဟာပညာကျော် ခန်းမတွင် ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပရာ ပြည်နယ်ခရိုင်မှူးက မိုးတွင်းကာလ ဖြစ်တဲ့အတွက် ငါးနှစ်အောက် ကလေးငယ်များ၊ မူလတန်းအဆင့် ကလေးသူငယ်များတွင် အဖြစ်များသော သွေးလွန်တုပ်ကွေး ရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ မဖြစ်ဖို့အတွက် ဆရာ၊ ဆရာမတွေ အနေနှင့် ကျောင်းသား၊ ကျောင်းသူတွေကို ဂရုတစိုက်နှင့် ကြီးကြပ်ဆောင်ရွက်ဖို့ လိုကြောင်း၊ ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ အောင်သူရိန် က ဆရာ၊ ဆရာမတွေ အနေနှင့် ကျောင်းတွင်းရှိ ဈေးဆိုင်များကို သန့်ရှင်းမှုရှိအောင် အမြဲမပြတ် ကြည့်ရှုဖို့လိုကြောင်း၊ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်တဲ့ အချက်အလက်တွေကို သိရှိထားဖို့လိုကြောင်း၊ ကျောင်းတွင်းရှိ ဆရာ၊ ဆရာမတွေ အာလုံးနှင့်လည်း ပညာပေး ဟောပြောမှုများ၊ ဆွေးနွေးမှုများ ပြုလုပ်ဖို့လိုကြောင်း  ပြောကြားခဲ့ပါသည်။

No comments:

Post a Comment