Thursday, July 2, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန်အားတိုကျိုအိုလံပစ်ဆိုင်ရာဝန်ကြီး၊ မာရူဘီနီကုမ္ပဏီဥက္ကဋ္ဌ၊ တိုကျိုစတော့အိတ်ချိန်းဥက္ကဋ္ဌနှင့် အီမအီဇုမိပညာသင်ဆုဖောင်းဒေးရှင်းဥက္ကဋ္ဌတို့ သီးခြားစီလာရောက်တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တိုကျို အိုလံပစ်ဆိုင်ရာဝန်ကြီး Mr. Toshiaki ENDO နှင့် ဇူလိုင်လ(၂)ရက်နေ့ဒေသစံတော်ချိန် ညနေ(၄)နာရီခွဲတွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိခေတ္တတည်းခိုသည့် Hotel New Otani ၌ တွေ့ဆုံသည်။တွေ့ဆုံပွဲတွင် အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်များအား ပြုစုပျိုးထောင်ပေးရေးတို့ကိုဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်သမ္မတက ပြီးခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဂျပန်နိုင်ငံကကူညီခဲ့မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်းထပ်လောင်းပြောကြားခဲ့သည်။ ယင်းနောက် ညနေ(၅)နာရီ(၁၀)မိနစ်တွင် နိုင်ငံတော်သမ္မတသည် မာရူဘီနီကုမ္ပဏီဥက္ကဋ္ဌ Mr. Fumiyokokubu နှင့် တွေ့ဆုံသည်။

No comments:

Post a Comment