ရန်ကုန်မြို့နှင့်မိုင်
(၅၀)လောက်သာ ဝေးကွာသည့် ပဲခူးမြို့သည် လူဦးရေ ထူထပ်လာသကဲ့သို့ ရောင်း/ဝယ်ခြင်းလည်း
သွက်လက်သည့် မြို့ဖြစ်ပါသည်။ ယခင်က မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်းတွေရှိခဲ့သော်လည်း ယခု တုတ်တုတ်(ခ)သုံးဘီးဆိုင်ကယ်တွေက
နေရာယူထားပြီဖြစ်ပါသည်။ သို့သော်လည်း သုံးဘီးဆိုင်ကယ်များပေါ်လာပြီး ခုနှစ်နှစ်ဝန်းကျင်ရှိလာချိန်တွင်
ပဲခူးမြို့လမ်းများတွင် ယာဉ်ကြော အခတ်အခဲတွေကြုံနေရပြီဖြစ်ပါသည်။ သုံးဘီးဆိုင်ကယ်သယ်ယူပို့ဆောင်ရေးလိုင်းများမှ
ယာဉ်မောင်းသူများကလည်း အခက်အခဲတွေ့ကြုံနေရကြောင်း သိရပါသည်။ လက်ရှိပဲခူးမြို့မှာ ယာဉ်လိုင်း (၆)လိုင်းရှိပြီး
မှတ်ပုံတင်ထားသည့် သုံးဘီးယာဉ်က (၅၀ဝ)ကျော် ရှိပါသည်။ ထို့အပြင် Light Truck
ယာဉ်လိုင်းများလည်းရှိခြင်းကြောင့် သုံးဘီးယာဉ်များအစား Light Truck
ယာဉ်များကို သက်ဆိုင်ရာက အစားထိုးပြေးဆွဲခွင့်ပေးထားကြောင်း သိရပါသည်။ သို့သော်လည်း
သုံးဘီးယာဉ်အစီးရေလည်း လျော့မသွားသည့်အပြင် အစားထိုး Light Truck များပါ
တိုးလာခြင်းလည်း ယာဉ်ကြောရှုပ်ထွေးမှုဖြစ်စေကြောင်း သိရပါသည်။ မော်တော်ဆိုင်ကယ်များလည်း
ပေါများစွာရှိနေသည့် ပဲခူးမြို့လမ်းများတွင် ယခု တရားမဝင် သုံးဘီးယာဉ်များကို အရေးယူမှုအားနည်းနေခြင်းသည်
လမ်းအသုံးပြုသူများ၊ မြို့သူမြို့သားများအတွက် နေ့စဉ်နှင့်အမျှ ကြုံနေရသည့် အခက်အခဲတစ်ခုဖြစ်လျက်ရှိနေကြောင်း
သိရပါသည်။
No comments:
Post a Comment