Friday, July 31, 2015

ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ပေးပို့

မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (ရုံးချုပ်)သည် ရခိုင်ပြည်နယ် ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် အတွက် စုစုပေါင်းငွေကျပ် (၅၉၅၄၀၀၀) တန်ဖိုးရှိ ကျားလုံချည်၊ မလုံချည်၊ မျက်နှာသုတ်ပဝါနှင့် ကာဘော်လိတ် ဆပ်ပြာတို့အား ဇူလိုင်လ(၃၁)ရက်နေ့ မှာ နေပြည်တော် လေဆိပ်မှ တပ်မတော် လေယာဉ်ဖြင့်လည်းကောင်း၊ ၎င်းနေ့မှာပင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ စုစုပေါင်းငွေကျပ် (၂၄၁)သိန်းကျော် တန်ဖိုးရှိ မိုးကာလိပ်၊ အဝတ်အထည် ဘေထုပ်နှင့် (Family Kit) ပစ္စည်းများအား မင်္ဂလာဒုံလေဆိပ်ရှိ တပ်မတော် လေယာဉ်ဖြင့်လည်းကောင်း၊ အခြားဝန်ကြီးဌာနများမှ လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများနှင့်အတူ ရခိုင်ပြည်နယ်သို့ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ အခြားရေဘေးသင့် ဒေသများမှ ပြည်သူများအတွက် ပြည်လည်နေရာချထားရေး ဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်းများအား ဆက်လက် ထောက်ပံ့ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment