၂၀၁၀ကစပြီး ကားတင်သွင်းခွင့်များကို ခွင့်ပြုပေးခဲ့သည့်နောက်တွင်
တစ်ပတ်ရစ်ကားများက အရောင်းအဝယ်သွက်သော်လည်း ၂၀၁၅ နှစ်လည်ပိုင်းထိ ကားအသစ်ကို ရောင်းဝယ်သည့်
ဈေးကွက်က မဖွံ့ဖြိုးသေးသကဲ့သို့ ဒေါ်လာဈေးအခြေအနေကြောင့် ကားဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုများရှိနေပြီး
ပါကင်ပါမစ်ဈေးကွက် ကစားနေသည့်အတွက် ဝယ်လိုအားတွေကျဆင်းနေကြောင်း သိရပါသည်။ ကားတင်သွင်းခွင့်
မူဝါဒပြောင်းလဲမှုများခြင်းကလည်း ဈေးနှုန်းမတည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်နေကြောင်း
သိရပါသည်။ ဈေးကွက်ထဲတွင် ရန်ကုန်ကားဈေးကွက်က အကြီးဆုံးဖြစ်သော်လည်း ၂၀၁၅ခုနှစ်ထဲတွင်
ကားဈေးကွက်က ကျဉ်းမြောင်းလာကြောင်း သိရပါသည်။ ဂျပန်ကားများကို ရောင်းချခြင်းက ၈၀ရာခိုင်နှုန်းကျော်ရှိပြီး
ဥရောပနှင့် အမေရိကန်ကားများရောင်းချခြင်းက ၂ရာခိုင်နှုန်းရှိနေကြောင်း သိရပါသည်။
No comments:
Post a Comment