Wednesday, July 29, 2015

ရှေးဟောင်းဝတ္တုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် ပတ်သတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်

မြန်မာနှိင်ငံ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ရှိ နှစ်ပေါင်း(၁၀၀) နှင့်အထက်ရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်း အပါအ၀င် လူသားတို့ပြုလုပ်သုံးစွဲခဲ့သော အရာဝတ္တုများဖြစ်သော ရှေးဟောင်းဝတ္တု ပစ္စည်းများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက် လေ့လာသုတေသနပြုနိုင်ရန် အတွက် “ရှေးဟောင်းဝတ္တု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ” ကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၃ ဖြင့် ၂၂ ဇူလိုင် တွင် ပြဌာန်းထားရှိပြီး ဖြစ်ပါသည်။ ထို့ကြောင့် ရှေးဟောင်းဝတ္တုပစ္စည်းများကို စုဆောင်းသူ၊ ထိန်းသိမ်းသူ၊ ပြောင်းရွှေ့သူ၊ ၀ါသနာရှင်၊ စေတနာရှင်များ၊ တရားမ၀င်စီးပွားရေးအလို့ဌာ သယ်ယူပို့ဆောင်နေသူများ၊ ပြည်ပသို့ မည်သည့်အကြောင်းနှင့်မ ဆိုသယ်ဆောင်နေသူများ၊ မပျက်မကွက် အလေးအနက်ထား ဖတ်ရှု၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြပါရန် ယဉ်ကျေးမှုဝန်ကြီးက နှိုးဆော်ပါကြောင်း သိရှိရပါသည်။


No comments:

Post a Comment