ဂျပန်နိုင်ငံ
တိုကျိုမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ကိုမဲအိတို ပါတီ ဥက္ကဌ Mr. Natsuo
Yamaguchi တို့သည် ဇူလိုင် ၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ခေတ္တတည်းခိုခန်းသည့်
Hotel New Otani တွင် တွေ့ဆုံပါသည်။ တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆင်းရဲမှုလျော့ချရေး၊ သဘာဝဘေးဒဏ် ကာကွယ်ရေး၊ နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများ ပြန်လည်ထူထောင်ရေး၊
မြန်မာ-ဂျပန် ဥပဒေပြုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို
ဆွေးနွေးကြပါသည်။ ကိုမဲအိတိုပါတီသည် ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးခေါင်းဆောင်သည့်
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ညွန့်ပေါင်းအစိုးရအတွင် ပါဝင်သောပါတီဖြစ်ပါသည်။ တွေ့ဆုံပွဲတွင်
ကိုမဲအိတိုပါတီ ဥက္ကဌက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ထောက်ခံကြောင်း
ပြောကြားပါသည်။ ထို့နောက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် နိုင်ငံတော်သမ္မတနှင့် မစ်ဆူအီကုမ္ပဏီမှ
အဆင့်မြင့်အရာရှိကြီးများသည် Hotel New Otani တွင် တွေ့ဆုံပါသည်။
No comments:
Post a Comment