ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဌ၊
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ဇွန်လ
၃၀ ရက်နေ့ နေ့လည်က သံတွဲမြို့ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်
ကျင်းပပြုလုပ်ခဲ့သည့် သံတွဲမြို့နယ် ရေဘေးသင့် အိမ်ထောင်စုများသို့ ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း
အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်
အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ်
အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ရပ်ကွက်အုပ်စုအလိုက် ထောက်ပံ့ပစ္စည်းများ
ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ချောင်းကောက်
ရပ်ကွက်၊ ဦးဥတ္တမလမ်း၊ ဘုတ်ဆိပ်ဆေးဆိုင်ခန်းများ ရေးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု
အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ကုတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တောင်ကုတ်မြို့နယ် ရေဘေးသင့်အိမ်ထောင်စုများသို့
ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပါသည်။
No comments:
Post a Comment