Wednesday, July 1, 2015

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ စုဝေးခန်းမမှာ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က ဆွေးနွေး ပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် သုတေသနပြုသည့် လုပ်ငန်းများသည် များစွာအရေးပါသဖြင့် အားပေးမြှင့်တင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားသုတေသန မူဝါဒ၊ စီမံကိန်း လုပ်ငန်းစဉ်အား နိုင်ငံအတွက် လိုအပ်ချက်၊ လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်များအပေါ် ဦးစားပေး လုပ်ငန်းရွေးချယ် လျာထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုအခါ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ တက္ကသိုလ်များအပါအ၀င် သုတေသနလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားကြရန် လိုအပ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များအပါအ၀င် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

No comments:

Post a Comment