Thursday, July 2, 2015

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဂျာမနီနိုင်ငံမှ Fritz Werner Services & Solution Ltd. မှ Director ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အား ဂျာမနီနိုင်ငံ၊ Fritz Werner Services & Solution Ltd. မှ Director Mr. Ralf Wiegand  ဦးဆောင်သော အဖွဲ့သည် ဇူလိုင်လ(၁)ရက်နေ့ မနက်(၁၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမမှာ သွားရောက်တွေ့ဆုံသည်။ တွေ့ဆုံရာတွင် Myanmar Fritz Werner ကုမ္ပဏီအနေဖြင့် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ရှေ့ဆက်ပိုမို တိုးတက်အောင် ဆောင်ရွက်မည့် နည်းလမ်းများနှင့် နှစ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးစွာဖြင့် ပိုမိုကောင်းမွန်သည့် စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်သွားနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်။


No comments:

Post a Comment